ခါးနာ သက်သာစေမယ့် အပြင် ဝမ်းဗိုက်နှင့် မေးအောက်မှ အဆီများကို ကျစေမည့် ယောဂကျင့်စဉ်
အသက်အရွယ် ရလာတာနဲ့ အမျှ လှုပ်ရှား သွား လာမှု တွေမှာ စနစ်မကျရင်၊ ထိုင်တာ ထတာ စနစ် မကျရင် ခါးနာတယ် ဆိုတဲ့ ပြဿနာကို ကြုံတွေ့ ကြရမှာပါ။ ဒီပြဿနာ ကြုံတွေ့ လာပြီ ဆိုရင်တော့ ယခု ဖော်ပြမယ့် ယောဂ ကျင့်စဉ်ကို ပြုလုပ် ကြည့်လိုက်ပါ။
ပြုလုပ်နည်း ကတော့-
(၁) မှောက်လျက် အိပ်လိုက်ပါ။ လက် နှစ်ဖက်ကို ရင်ဘတ် ဘေးတစ်ဖက် တစ်ချက်မှာ မှောက်ထားပါ။
(၂) အသက်ကို ရှူသွင်း၍ လက်နှစ်ဖက်ကို အားစိုက်ကာ ရင်ဘတ်ကို မ, လိုက်ပါ။
(၃) တဖြည်းဖြည်းနှင့် ခန္ဓာကိုယ် အပေါ်ပိုင်းကို မ, ၍ ခါးကို ထောင်လိုက်ပါ။ မျက်နှာကို အဆုံးထိ မော့လိုက်ပါ။ အသက်ကို ရှူထုတ်ပါ။
(၄) ထိုပုံစံအတိုင်း နေ၍ အသက်ကို ပုံမှန် ရှူပါ။ ဝင်လေ ထွက်လေ တစ်ကြိမ်ကို ၁ ဟု မှတ်၍ ၁ မှ ၁၀ အထိ မှတ်ပါ။
(၅) မူလ အနေအထား အတိုင်း ပြန်၍ မှောက် လိုက်ပါ။
အကြံပြုချက်
- မျက်နှာကို အဆုံးအထိ မော့ထားပါ။
- တံတောင်ဆစ်ကို ဆန့်ဆန့် ထားပါ။
- ဒူးခေါင်း နှစ်ဖက်ကို ကပ်ထားပါ။
အကျိုးကျေးဇူး
- ခါးရိုး တစ်လျှောက်တွင် ထုံးဓာတ် ကပ်ခြင်းကို ကာကွယ် ပေးသည်။
- ခါးနာ သက်သာ စေသည်။
- ဝမ်းဗိုက်မှ အဆီကို ကျစေသည်။
- မျက်နှာကို မော့ထားရ၍ မေးအောက်မှ အဆီကို ကျစေသည်။
- ခန္ဓာကိုယ်ကို အဆီ လောင်ကျွမ်းမှု အားကောင်း စေသည်။
No comments:
Post a Comment