Monday, July 6, 2015

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ
===========================
.
လူတွေအများစုက ဆေးကို ဘယ်အရည်နဲ့ မဆို သောက်ရင် ပြီးရောဆိုပြီး ဖြစ်သလို နေတတ်ကြပါတယ်။
ဒါပေမယ့် ဆေးတွေမှာလည်းသူတို့နဲ့တွဲဖက်စားမသုံးသင့်တာတွေ ရှိပါတယ်။
အဲဒါတွေကတော့...
.
၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက်စေပါတယ်။
.
၂။Orange , tomato Juice ပိုးသတ်ဆေး ပိဋိဇီဝဆေးကို ခန္ဒာက စုပ်ယူခြင်းကို နှောက်ယှက်စေပါတယ်။
.
၃။ အစိမ်းရောင်ရှိ ဟင်းသီိးဟင်းရွက်(ပန်းဂေါ်ဖီ၊ဂေါ်ဖီထုပ်၊ကညွန့်...)စတာတွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။vitamin-Kများတာက သွေးကြဲဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။
.
၎။ နို့ နဲ့ နို့်ထွက်ပစ္စည်းဆိုရင် သံဓာတ်စုပ်ယူမှုနှောက်ယှက်စေတာကြောင့်သံဓာတ်အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာမှာ သတိထားသင့်ပါတယ်
.
၅။ Fibers က ဆေးစုပ်ယူမှု ပြောင်းလဲ စေပါတယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေးအချို့နဲ့ တွဲဖက် မစားသင့်
.
၆။ Coffee , Cola စတဲ့ ကာဖင်းပါတဲ့ အစားအသောက်က ပန်းနာရင်ကျပ်ဆေး အာနိသင်နဲ့ တူပါတယ်။asthma ဆေးဖြစ်တဲ့ thephylline စတာသောက်ရင် caffeine မသောက်သင့်ပါဘူး။နိုးကြားစေပါတယ်။ဒါကြောင့်ဆန့်ကျင်ဘက်ဆေးတွေကို မသုံးသင့်ပါဘူး။
.
၇။ Wine နဲ့ Cheese တွဲဖက်သောက်ရင် စိတ်ဓာတ်ကျရာမှာသုံးတဲ့Anti-depressantဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်ပါတယ်။အခန့်မသင့်ရင် အသက်တောင် သေစေနိုင်ပါတယ်။
.
ကဲ...ဘယ်လိုပဲဖြစ်ဖြစ်နော် ဆေးတွေကို ရေနဲ့ သောက်တာအန္တရာယ် အကင်းဆုံးပါပဲ......
.
သုတဇုန်
.
ကျန်းမာရေးစာတိုလေးများစုစည်းမှု့******************************

No comments:

Post a Comment