Monday, July 6, 2015

မိသားစုကို သတိရလွမ်းဆွတ်တဲ့အခါ

မိသားစုကို သတိရလွမ်းဆွတ်တဲ့အခါ

နွေးထွေးမူ ရှိတဲ့ မိသားစုနဲ့ အနေဝေးတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် အထီးကျန် နေသလို ခံစားရတယ်။ မိသားစု အပေါ် ဘယ်လောက်ချစ်လဲ ဆိုတာဟာ 
သတိရ လွမ်းဆွတ်ခြင်းက သက်သေပြတယ်။ များများ မိသားစုကို သတိရလေလေ 
မိသားစု အပေါ်ချစ်တဲ့ စိတ်က ပိုလေပါပဲ။

သတိရ လွမ်းဆွတ်နေတဲ့ အချိန် မိသားစုနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တစ်ခါလောက် ပြန်ကြည့်ခြင်းဖြင့် ဘဝအမောတွေကို ပြေစေနိုင်ပါတယ်။ ဒါမှမဟုတ် ဖုန်းဆက်ခြင်းဖြင့် လွမ်းဆွတ် မူတွေကို သက်သာစေတယ်။ မိသားစု ဆိုတာ လူတိုင်း 
အတွက် လိုအပ်တဲ့ ပတ်ဝန်းကျင် တစ်ခုပါပဲ။

မိသားစုကို သတိရ လွမ်းဆွတ်တဲ့အခါ တစ်ချို့ဆိုရင် မျက်ရည်တွေတောင် ကျနေတတ်တယ်။ တစ်ချို့ကတော့လည်း မိသားစုနဲ့ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို စဉ်းစားရင်း ပြုံးပျော်နေတတ် ကြပါတယ်။ ပျော်ရွှင်သော် မိသားစု ဘဝလေးဟာ ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ အချိန်လေး တွေပါပဲ။

သန်း​ဇော်​ဦး ရင်​နဲတိုက်​ဆိုင်​ရာ.................................................

No comments:

Post a Comment