Monday, July 6, 2015

ကေလးငယ္မ်ားကို လက္သန္ရာ ေရြးခ်ယ္ေစပါ

ကေလးငယ္မ်ားကို လက္သန္ရာ ေရြးခ်ယ္ေစပါ 

ဘယ္ဘက္သန္တဲ့ ကေလးငယ္မ်ားကို ညာဘက္သန္ေအာင္ အတင္းအၾကပ္ ဖိအားေပးတဲ့ မိဘမ်ား ရွိေနပါတယ္။ ယင္းဟာ မွားယြင္းတဲ့ လုပ္ေဆာင္ခ်က္ပဲ ျဖစ္ပါတယ္။ ဘယ္ဘက္လက္သန္တဲ့သူဟာ ဆုိရင္ျဖစ္ အသံုးအျဖဳန္းၾကီးတယ္ေတြေရာ၊ ဆုိးတယ္ေတြေရာ အစရွိသျဖင့္ ေကာလဟာလနဲ႔ ေရွးရိုးစြဲ အယူမ်ားေၾကာင့္ အခ်ိဳ႕ေသာ မိဘမ်ားဟာ ကေလးငယ္မ်ားကို ဘယ္ဘက္လက္သန္ေနပါက ညာဘက္လက္ သန္ေရာက္ ရိုက္နက္ဆံုးမ၊ တြန္းအားေပး ေျပာင္းေစတာမ်ိဳးတို႔ ရွိပါတယ္။ 

ယင္းဟာ အင္မတန္မွားယြင္းပါတယ္။ ဘယ္ဘက္လက္သန္သူဟာ ညာဘက္ဦးေႏွာက္ကို ပိုမို အသံုးျပဳသူ ျဖစ္ျပီး ညာဘက္လက္ သန္သူဟာ ဘယ္ဘက္အျခမ္း ဦးေႏွာက္ကို အမ်ားဆံုး အသံုးျပဳသူ ျဖစ္ပါတယ္။ ညာဘက္ဦးေႏွာက္ အသံုးျပဳေသာ ဘယ္လက္သန္သူမ်ားဟာ အေတြးအေခၚပို္င္းဆုိင္ရာ၊ စိတ္ကူးစိတ္သန္းဆိုင္ရာ၊ အႏုပညာဆိုင္ရာ တို႔မွာ သန္ျပီး စြန္႔စားရတာ ဝါသနာ ပါသူမ်ား ျဖစ္ပါတယ္။ ညာဘက္လက္သန္သူမ်ားကေတာ့ ဘယ္ဘက္အျခမ္းဦးေႏွာက္ကို အသံုးျပဳျပီး သိပၺံ ပညာရပ္ဆိုင္ရာ၊ တြက္ခ်က္မွုပိုင္းဆိုင္ရာ၊ ဘာသာစကား ေလ့လာမွုပိုင္းဆိုင္ရာ၊ အေရးအသား ဆိုင္ရာ တို႔မွာ ကြ်မ္းက်င္ျပီး သတိၾကီးစြား လုပ္ကိုင္တတ္သူမ်ား ျဖစ္ပါတယ္။ 

အခ်ိဳ႕မိဘမ်ားကေတာ့ မိမိရဲ႕ သားသမီးကုိ အမ်ားအလယ္ကို သြားတဲ့အခါ ဘယ္သန္ျဖစ္ေနတာေၾကာင့္ အမ်ားအကဲ့ရဲ႕ခံရမွာကို စုိးရိမ္တဲ့အတြက္ေၾကာင္း ဆုိျပီးေတာ့ ၾကိဳးစားျပင္ယူၾက ပါတယ္။

အကယ္၍ ညာသန္သူကို ဘယ္သန္ေအာင္ ေျပာင္းေစတာပဲ ျဖစ္ျဖစ္၊ ဘယ္သန္သူကို ညာသန္ေအာင္ တြန္းအားေပးတာပဲ ျဖစ္ျဖစ္ လုပ္လိုက္ျခင္းကကေလးငယ္ရဲ႕ ဦးေႏွာက္ကို confuse ျဖစ္ေစျပီး အာရံုေၾက ာလုပ္ေဆာင္ခ်က္ကို ထိခိုက္သြားပါတယ္။ လူသားတို႔ ေမြးဖြားစဥ္ကတည္းက ဘယ္ဘက္အျခမ္းက ပိုသန္တယ္ဆုိတာ ပါလာျပီးသား ျဖစ္ပါတယ္။ အဲ့ဒါကို ျပဳျပင္ယူရန္ ၾကိဳးစားျခင္းေၾကာင့္ လက္ေရးမွာသာ ေျပာင္းလိုက္ေစျခင္းက ကေလးငယ္ရဲ႕ အာရံုေၾကာနဲ႔ အျခားေသာ က်န္းမာေရး ဆိုင္ရာမ်ားကို ထိခိုက္ေစပါတယ္။ ေလ့လာေတြ႔ရွိခ်က္မ်ားအရ ဘယ္ဘက္လက္ သန္သူကို ညာဘက္လက္သန္ေအာင္ လုပ္လိုက္ျခင္းေၾကာင့္ -

စကားထစ္ျခင္း၊ စကားေျဖာင့္ေျဖာင့္တန္းတန္းမေျပာႏိုင္ျခင္း
စကား မပီသေတာ့ျခင္း
အာရံုေၾကာ အားနည္း၊ အေၾကာဆြဲျခင္း
ဥာဏ္ထိုင္းျခင္း 
မွတ္ဥာဏ္အားနည္းျခင္း
ရွက္ရြံ႕ျခင္း
အာရံုစူးစိုက္မွုနည္းျခင္း 
လက္သည္းကိုက္ျခင္း
အစရွိသျဖင့္တို႔ကို အကုန္လံုးလည္း ျဖစ္ႏုိင္သလို တစ္ခုခုကိုလည္း ျဖစ္သြားႏုိင္ေစ ပါတယ္။ 
ယင္းဟာ ငယ္စဥ္ဘဝမွာ ျဖစ္ရံုမကပဲ ဘဝ တစ္သက္လံုး ျဖစ္သြားေစမယ့္ အရာမ်ား ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ကေလးငယ္မ်ားကို ဘယ္သန္သန္၊ ညာသန္သန္ ျပဳျပင္ေျပာင္းလဲမွု မလုပ္ပါေစရန္ တိုက္တြန္းလိုက္ရ ပါတယ္။
.
Ref: lefthanded 
ေအာင္ခမ္း ( ရိုးရာေလး) 
‪#‎aungkham_yyl‬
‪#‎health_yyl‬

(Unicode version)

ကလေးငယ်များကို လက်သန်ရာ ရွေးချယ်စေပါ 

ဘယ်ဘက်သန်တဲ့ ကလေးငယ်များကို ညာဘက်သန်အောင် အတင်းအကြပ် ဖိအားပေးတဲ့ မိဘများ ရှိနေပါတယ်။ ယင်းဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ဘယ်ဘက်လက်သန်တဲ့သူဟာ ဆိုရင်ဖြစ် အသုံးအဖြုန်းကြီးတယ်တွေရော၊ ဆိုးတယ်တွေရော အစရှိသဖြင့် ကောလဟာလနဲ့ ရှေးရိုးစွဲ အယူများကြောင့် အချို့သော မိဘများဟာ ကလေးငယ်များကို ဘယ်ဘက်လက်သန်နေပါက ညာဘက်လက် သန်ရောက် ရိုက်နက်ဆုံးမ၊ တွန်းအားပေး ပြောင်းစေတာမျိုးတို့ ရှိပါတယ်။ 

ယင်းဟာ အင်မတန်မှားယွင်းပါတယ်။ ဘယ်ဘက်လက်သန်သူဟာ ညာဘက်ဦးနှောက်ကို ပိုမို အသုံးပြုသူ ဖြစ်ပြီး ညာဘက်လက် သန်သူဟာ ဘယ်ဘက်အခြမ်း ဦးနှောက်ကို အများဆုံး အသုံးပြုသူ ဖြစ်ပါတယ်။ ညာဘက်ဦးနှောက် အသုံးပြုသော ဘယ်လက်သန်သူများဟာ အတွေးအခေါ်ပ်ိုင်းဆိုင်ရာ၊ စိတ်ကူးစိတ်သန်းဆိုင်ရာ၊ အနုပညာဆိုင်ရာ တို့မှာ သန်ပြီး စွန့်စားရတာ ဝါသနာ ပါသူများ ဖြစ်ပါတယ်။ ညာဘက်လက်သန်သူများကတော့ ဘယ်ဘက်အခြမ်းဦးနှောက်ကို အသုံးပြုပြီး သိပ္ဗံ ပညာရပ်ဆိုင်ရာ၊ တွက်ချက်မှုပိုင်းဆိုင်ရာ၊ ဘာသာစကား လေ့လာမှုပိုင်းဆိုင်ရာ၊ အရေးအသား ဆိုင်ရာ တို့မှာ ကျွမ်းကျင်ပြီး သတိကြီးစွား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ 

အကယ်၍ ညာသန်သူကို ဘယ်သန်အောင် ပြောင်းစေတာပဲ ဖြစ်ဖြစ်၊ ဘယ်သန်သူကို ညာသန်အောင် တွန်းအားပေးတာပဲ ဖြစ်ဖြစ် လုပ်လိုက်ခြင်းကကလေးငယ်ရဲ့ ဦးနှောက်ကို confuse ဖြစ်စေပြီး အာရုံကြေ ာလုပ်ဆောင်ချက်ကို ထိခိုက်သွားပါတယ်။ လူသားတို့ မွေးဖွားစဉ်ကတည်းက ဘယ်ဘက်အခြမ်းက ပိုသန်တယ်ဆိုတာ ပါလာပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကို ပြုပြင်ယူရန် ကြိုးစားခြင်းကြောင့် လက်ရေးမှာသာ ပြောင်းလိုက်စေခြင်းက ကလေးငယ်ရဲ့ အာရုံကြောနဲ့ အခြားသော ကျန်းမာရေး ဆိုင်ရာများကို ထိခိုက်စေပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဘယ်ဘက်လက် သန်သူကို ညာဘက်လက်သန်အောင် လုပ်လိုက်ခြင်းကြောင့် -

စကားထစ်ခြင်း၊ စကားဖြောင့်ဖြောင့်တန်းတန်းမပြောနိုင်ခြင်း
စကား မပီသတော့ခြင်း
အာရုံကြော အားနည်း၊ အကြောဆွဲခြင်း
ဥာဏ်ထိုင်းခြင်း 
မှတ်ဥာဏ်အားနည်းခြင်း
ရှက်ရွံ့ခြင်း
အာရုံစူးစိုက်မှုနည်းခြင်း 
လက်သည်းကိုက်ခြင်း
အစရှိသဖြင့်တို့ကို အကုန်လုံးလည်း ဖြစ်နိုင်သလို တစ်ခုခုကိုလည်း ဖြစ်သွားနိုင်စေ ပါတယ်။ 
ယင်းဟာ ငယ်စဉ်ဘဝမှာ ဖြစ်ရုံမကပဲ ဘဝ တစ်သက်လုံး ဖြစ်သွားစေမယ့် အရာများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များကို ဘယ်သန်သန်၊ ညာသန်သန် ပြုပြင်ပြောင်းလဲမှု မလုပ်ပါစေရန် တိုက်တွန်းလိုက်ရ ပါတယ်။
.
Ref: lefthanded 
အောင်ခမ်း ( ရိုးရာလေး)

No comments:

Post a Comment