Monday, July 6, 2015

ပန်းသီးနှင့် ကျန်းမားရေး

ပန်းသီးနှင့် ကျန်းမားရေး
---
တစ်နေ့ကို ပန်းသီးတစ်လုံး စားတာလောက် တစ်နေ့တာ အတွက် အာဟာရဓာတ် ပြည့်ဝစေတဲ့ အခြား သဘာဝ ဆေးမရှိတော့ပါဘူး။ ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ ပန်းသီးမှာ အမျှင်ဓာတ်၊ ဗီတာ မင်ဓာတ်နဲ့ သတ္တုဓာတ်များ ပါဝင်တဲ့ အပြင် အဆီမရှိ၊ ကိုလက်စထရောလည်း မပါဝင်ပါ။ ဒါကြောင့် ပန်းသီးတစ်လုံးက ကျန်းမာတဲ့ နေ့စဉ်ဘ၀ အတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဆိုတာ ငြင်းနိုင်စရာ မရှိပါဘူး။

ဝမ်းချုပ်ခြင်းကို တားဆီးပေးခြင်း။

သင့်ရဲ့ အစာစွန့်ထုတ်ပုံ လုပ်ငန်းစဉ်က ကောင်းကောင်း မလည်ပတ်တော့ရင် ပန်းသီး တစ်လုံးသာ စားလိုက်ပါ။ အခွံပါ အပါအ၀င် ပန်းသီး တစ်လုံးမှာ အမျှင်ဓာတ် (၄ ဂရမ်) မှ (၅ ဂရမ်) ပါဝင်တဲ့ အတွက်ကြောင့် ပန်းသီးဟာ ၀မ်းချုပ်ခြင်းကို ကုသနိုင်တဲ့ ဆေးတစ်လက်ပါပဲ။ ဒါကြောင့် နေ့လယ်နေ့ခင်း သရေစာအဖြစ် စားနေကျ အာလူးကြော်၊ ကွတ်ကီး စတာတွေကို ဘေးဖယ်ထားပြီး ပန်းသီး တစ်လုံးသာ စားလိုက်ပါ။

ဝမ်းလျှောခြင်းကို ရပ်တန့်ပေးခြင်း

ပန်းသီးက ၀မ်းချုပ်ခြင်းကို တားဆီး ပေးရုံသာမက ၀မ်းလျှောခြင်းကိုလည်း ရပ်တန့် ပေးပါတယ်။ ပန်းသီးဆော့စ်က ၀မ်းလျှောခြင်း အတွက် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ပန်းသီးဆော့စ်ကို ၀ယ်တဲ့အခါ သကြား အများကြီး မပါတာကို ရွေးချယ်ပါ။ သကြားများစွာ ပါတာက ၀မ်းလျှောခြင်းကို ပိုဆိုးနိုင်စေလို့ပါပဲ။

ဗီတာမင်စီဓာတ် ပြည့်ဝခြင်း။

သေးငယ်တဲ့ ပန်းသီးလေး တစ်လုံးက ဗီတာမင်စီ (၁၅၀၀) မီလီဂရမ်နဲ့ ညီမျှတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။ ဒါ့ အပြင် သာမန် ပန်းသီးတစ်လုံးက အူမကြီး ကင်ဆာနဲ့ အသည်းကင်ဆာ ဆဲလ်များ ကြီးထွားမှုကို ရပ်တန့် ပေးနိုင်တယ်လို့ ပညာရှင်များက စမ်းသပ် တွေ့ရှိခဲ့ပါတယ်။ အခွံမခွာထားတဲ့ ပန်းသီးက ပိုပြီး ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

အဆစ်တွေကို ကောင်းမွန်စေခြင်း။

လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေကို ပုံမှန်စားနေကျ လူတွေမှာ အဆစ်ရောင်ရောဂါ အဖြစ်နည်းတယ် ဆိုတာ မဆန်းပါဘူး။ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ နေရာမှာ မကျန်းမာတဲ့ အသင့်စား အစားအစာတွေ အစား ထိုးထားကြတဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာ လူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းက အဆစ်ရောင်ရောဂါ တစ်မျိုးမဟုတ်၊ တစ်မျိုး ခံစားနေရပါတယ်။

အဆစ်ရောင် ရောဂါကို ကာကွယ်ပေးတဲ့ သစ်သီးတွေထဲမှာ ပန်းသီးလည်း မပါမဖြစ်ပါ။ အဆစ်ရောင် ရောဂါ ခံစားနေရရင် ပညာရှင်တွေရဲ့ အကြံပြုချက် ကတော့ တစ်နေ့ကို ပန်းသီး ကိုးလုံးစား ပေးတာပါပဲ။ ဒါပေမဲ့ ဒီပမာဏက လူအများစု အတွက်များပြားတဲ့ ပမာဏ ဖြစ်တာကြောင့် ညီမျှတဲ့ ဓာတ်ရရှိချင်ရင် ပန်းသီးတစ်လုံးနဲ့ မြေပဲထောပတ် အနည်းငယ်နဲ့ပဲ ဖြစ်ဖြစ်၊ စပျစ်သီးခြောက် လက်တဆုပ်စာနဲ့ပဲ ဖြစ်ဖြစ် တွဲစားနိုင်ပါတယ်။

Note : သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ပန်းသီးတွေကိုသာ ရွေးချယ် စားသုံးသင့်ပါတယ်။ အကယ်၍ ထိုပန်းသီးမျိုးကို မရနိုင်ဘူးဆိုရင် အခွံခွာစားတာ ဘေးကင်းပါတယ်။

For Beauty – ကြိတ်ချေထားတဲ့ ပန်းသီး အနှစ်နဲ့ နွားနို့ကို ရောပြီး မျက်နှာပေါင်းတင် နိုင်ပါတယ်။ ပန်းသီး အရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဗောက်ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ပန်းသီးအခွံကို ကြိတ်ချေပြီး ဦးရေပြားမှာ လိမ်းပေးလျှင် ဆံပင်ရှင်သန်နှုန်း ဖွံဖြိုးစေပါတယ်

ပန်းသီးအရည်က သဘာဝ မျက်နှာ သန့်စင်ရေနဲ့ တိုနာ ဖြစ်ပါတယ်။

ပန်းသီးကို စားပေးခြင်းဖြင့် ခံတွင်းသန့်ရှင်းပြီး သွားများ ခိုင်ခံ့စေပါတယ်

No comments:

Post a Comment